ICT


Gmail Account အသစ်တစ်ခုပြုလုပ်ခြင်းနှင့် အသုံးပြုခြင်း 


Google ကထုတ်လုပ်ဖန်တီးထားတဲ့ product/application တစ်ခုကို အသုံးပြုဖို့အတွက် ပထမဆုံးအနေနဲ့ Gmail account တစ်ခုရှိဖို့လိုအပ်ပါတယ်။ Gmail account တစ်ခုကို ဘယ်လို ရယူအသုံးပြုရမယ်ဆိုတာကို ဆက်လက်ပြီးဖော်ပြပေးသွားပါမယ်။ ပထမဆုံးအနေနဲ့ Google Browser မှာ Gmail account create new account လို့ ရိုတ်ထည့်ပါမယ်။ ပုံမှာ ပြထားတဲ့အတိုင်း Create your Google Account Link ကို သွားပါမယ်။ Create User Account ဆိုတဲ့ Form ကို မြင်တွေ့ရမှာ ဖြစ်ပြီး First Name၊ Last Name၊ Username နဲ့ Password တို့ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ ကိုယ်ထည့်လိုက်တဲ့ username က ရှိပြီးသားဆိုရင်တော့ အသုံးပြုလို့မရပါဘူးဆိုတဲ့ စာပေါ်လာပါလိမ့်မယ်။ Password (လျှို့ဝှက်ကုတ်) ရိုတ်ထည့်တဲ့ အခါမှာတော့ ရှုပ်ထွေးတဲ့ (Complex and Strong) စာသား ဖြစ်ဖို့လိုအပ်ပါတယ်။ Password အလုံးရေဟာ ၈ လုံးနဲအထက်ရှိရမှာ ဖြစ်ပြီး Letters, number symbol တွေပါဝင်ဖို့လိုအပ်ပါတယ်။ ပြီးရင်တော့ Next button ကို နှိပ်ပါမယ်။ ပြီးရင်တော့ Phone Number၊ Recovery email address၊ Birthday နဲ့ Gender တို့ကို ဖြည့်ပါမယ်။ အကယ်၍ Recovery email address မရှိဘူးဆိုရင်တော့ မဖြည့်ဘဲနေလို့ရပါတယ်။ ပြီးရင် Next button ကို နှိပ်ပါမယ်။ Google ရဲ့ Privacy and Terms ကို ဖတ်ပြီးရင်တော့ I agree button ကို နှိပ်ရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ email ကို တိုက်ရိုက်မချပေးဘဲနဲ့ Account လျှောက်ထားတုန်းက ထည့်ပေးထားတဲ့ ဖုန်းနံပါတ်ထဲကို code ပို့ပြီးတော့ code ကို Verification လုပ်ပြီးတော့မှ Mail account ကို ဖွင့်ပေးတာမျိုး၊ ဝင်ခွင့်ပြုတာမျိုးတွေ ရှိတက်ပါတယ်။ အခုဆိုရင်တော့ မြင်တွေ့ရတဲ့အတိုင်း အသစ်စက်စက် Gmail account တစ်ခုကို ရရှိသွားပြီ ဖြစ်ပါတယ်။ ပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Gmail ထဲကို ဝင်ပါမယ်။ ပုံမှာ ပြထားတဲ့အတိုင်း မြင်တွေ့ရပြီ ဆိုရင်တော့ အီးမေးလ် ပို့ခြင်း၊ လက်ခံခြင်း၊ အီးမေးလ် စစ်ခြင်း စတဲ့လုပ်ငန်းတွေကို စတင်လုပ်ဆောင်လို့ ရပါပြီ။ How to create a gmail account - YouTube Link


No comments:

Post a Comment