What is Scratch Programming?

Scratch Programming ဆိုတာကတော့ block-based visual programming language ဖြစ်ပါတယ်။ ဒီ website ဟာ အသက် ၈ နှစ်ကနေ ၁၆ နှစ်အတွင်းရှိ ကလေးငယ်များ၊ လူငယ်လူရွယ်များအတွက် Coding ရေးသားနည်းနဲ့ တီထွင် ဖန်တီးနိုင်ဖို့၊ စဉ်းစားတွေးခေါ်တက်စေဖို့အပြင် ပညာရေးနယ်ပါယ်မှာ အထောက်အကူ ဖြစ်စေဖို့ သင်ထောက်ကူ တစ်ခုအနေနဲ့ ရည်ရွယ် တီထွင်ခဲ့တာဘဲ ဖြစ်ပါ တယ်။

Scratch Programming ကို အသုံးပြုပြီးတော့ Project ဖန်တီးရေးသားသူတွေကို Scratcher တွေလို့ ခေါ်ဝေါ်လေ့ရှိပါတယ်။ Scratch website အသုံးပြုသူတွေဟာ တနည်းအားဖြင့် Scratchers တွေဟာ block ကဲ့သို့သော interface ကို သုံးပြီး web ပေါ်တွင် Project တွေကို ဖန်တီးရေးသားနိုင်မှာဘဲ ဖြစ်ပါတယ်။ Scratch Programming ရဲ့အကြောင်းတွေကိုတော့ https://scratch.mit.edu/about မှာ လေ့လာနိုင် ပါတယ်။ Scratch ကို online သာမကဘဲ offline အနေနဲ့လည်း application ကို download ချပြီး အသုံးပြုနိုင်ပါတယ်။


Comments

Popular posts from this blog

Scratch Layout

Edexcel IGCSE Computer Science 2023 Past Paper