Scratch Programming
Scratch Programming ဆိုတာကတော့ block-based visual programming language ဖြစ်ပါတယ်။ ဒီ website ဟာ အသက် ၈ နှစ်ကနေ ၁၆ နှစ်အတွင်းရှိ ကလေးငယ်များ၊ လူငယ်လူရွယ်များအတွက် Coding ရေးသားနည်းနဲ့ တီထွင် ဖန်တီးနိုင်ဖို့၊ စဉ်းစားတွေးခေါ်တက်စေဖို့အပြင် ပညာရေးနယ်ပါယ်မှာ အထောက်အကူ ဖြစ်စေဖို့ သင်ထောက်ကူ တစ်ခုအနေနဲ့ ရည်ရွယ် တီထွင်ခဲ့တာဘဲ ဖြစ်ပါ တယ်။
Scratch Programming ကို အသုံးပြုပြီးတော့ Project ဖန်တီးရေးသားသူတွေကို Scratcher တွေလို့ ခေါ်ဝေါ်လေ့ရှိပါတယ်။ Scratch website အသုံးပြုသူတွေဟာ တနည်းအားဖြင့် Scratchers တွေဟာ block ကဲ့သို့သော interface ကို သုံးပြီး web ပေါ်တွင် Project တွေကို ဖန်တီးရေးသားနိုင်မှာဘဲ ဖြစ်ပါတယ်။ Scratch Programming ရဲ့အကြောင်းတွေကိုတော့ https://scratch.mit.edu/about မှာ လေ့လာနိုင် ပါတယ်။ Scratch ကို online သာမကဘဲ offline အနေနဲ့လည်း application ကို download ချပြီး အသုံးပြုနိုင်ပါတယ်။
How to create a Scratch Account?
Scratch Programming ကိုလေ့လာဖို့အတွက် အရင်ဆုံးပြုလုပ်ရမှာကတော့ Scratch Account ဖွင့်ရမှာဘဲ ဖြစ်ပါတယ်။ ဒါကြောင့် https://scratch.mit.edu/ ကနေ Scratch Website ထဲကို ဝင်ပြီးတော့ Join Scratch ကိုနှိပ်ပေးရမှာ ဖြစ်ပါတယ်။
ပြီးရင်တော့ username နဲ့ password ဖြည့်ရမှာ ဖြစ်ပါတယ်။ ဖြည့်ပြီးရင်တော့ Next button ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။
Country မှာ Myanmar လို့ရွေးပြီးNext button ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။
အသုံးပြုသူရဲ့ မွေးနေ့ကိုထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် Next button ကိုနှိပ်ပေးရမှာ ဖြစ်ပါတယ်။
Gender ကို ရွေးပြီး Next ကိုနှိပ်ပါမယ်။
နောက်ဆုံးအနေနဲ့ကတော့ user email ထည့်ပေးရမှာ ဖြစ်ပါတယ်။
လိုအပ်ချက်တွေ ဖြည့်ပြီးရင်တော့ verify လုပ်ပေးရမှာ ဖြစ်ပါတယ်။
Welcome Screen ပေါ်လာပြီး Get Started ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။
Get Started ဆိုတဲ့ button လေးကို နှိပ်လိုက်တဲ့အခါမှာတော့ Scratch Programming Layout လေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။
YouTube Link >> https://youtu.be/Vyt30JerAl4
Click Here >> How to create a Scratch Account?
Scratch Layout
Project တစ်ခုမစတင်ခင်မှာ Scratch Layout ထဲမှာဘာတွေပါသလဲ ဘယ်လိုလုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်တဲ့ ဘလော့တွေ ပါဝင်သလဲ ဆိုတာကို အရင်ဆုံးလေ့လာရမှာဘဲ ဖြစ်ပါတယ်။ https://scratch.mit.edu/ ကနေ Create ထဲကို ဝင်လိုက်တဲ့အခါ မှာတော့ Project တစ်ခုစတင် ရေးသားဖို့အတွက် Scratch Editor Layout ကို မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်။
Scratch Layout မှာ ဆိုရင်တော့ အဓိကအားဖြင့်
1) Code Block Palettes
2) Work Area
3) Sprite Area
4) Testing/Running Area/Stage
5) Sounds Tab
6) Extensions
7) Get a new sprite
8) Get a new backdrop တို့ပါဝင်မှာဘဲ ဖြစ်ပါတယ်။
Sample Project Run and Catch Apple by Cat
Choose a Backdrop ထဲမှ Sky Blue Backdrop ကို ရွေးပါ။
Choose a Sprite ထဲမှ Apple Sprite ကို ရွေးပါ။
Cat Sprite ကို select မှတ်ပါ။ Motion ထဲက move 10 steps ကိုယူပါ။ 10 နေရာတွင် 12 ပြောင်းပါ။
Apple Sprite ကို select မှတ်ပါ။ Motion ထဲက move 10 steps ကိုယူပါ။
Scratch Motion Block
Scratch XY Grid
Choose a Backdrop ထဲမှ XY coordinate ကို ရွေးပါ။ Choose a Sprite ထဲမှ Apple ကို ရွေးပါ။ Scratch Stage Area ရဲ့ အရှေ့အနောက် အပေါ်အောက်ကိုနားလည်နိုင်ဖို့အတွက် XY Coordinate လေ့လာရမှာ ဖြစ်ပါတယ်။
သက်မှတ်ထားခြင်းမရှိဘဲ မည့်သည့်နေရာမဆို ၁ စက္ကန့်နှုန်းဖြင့် ရွေ့ပါမယ်။ အလယ်တည့်တည့်သို့ ၁ စက္ကန့်နှုန်းဖြင့် ရွေ့ပါမယ်။ Apple Sprite ဆီသို့ ၁ စက္ကန့်နှုန်းဖြင့် ရွေ့ပါမယ်။
Comments
Post a Comment